Monday, June 27, 2011

မြန်မာပြည်ခရီး - ၃ (ပုဂံ ညောင်ဦး)

တတိယနေ့ကျတော့ ကျွန်တော်တို့ကားမငှားဖြစ်တော့ဘဲ မြင်းလှည်းနဲ့ ကျန်တဲ့ဘုရားတွေဖူးဖို့ရာ မြင်းလှည်းနှစ်စီးငှားလိုက်ကြတယ်..။ မြင်းလှည်းဆိုလို့ အရင်တစ်ခေါက်ရောက်တုန်းက လိုက်ပို့ပေးဖူးတဲ့ မြင်းလှည်းဆရာကို သတိရတယ်... ဘုရားသမိုင်းလည်းနှံ့စပ်တယ်..စကားပြောကလည်းကောင်းဆိုတော့ မြင်းလှည်းနဲ့ဘုရားဖူးရတာ သိပ်ကိုအသက်ဝင်သွားတယ်...။ ဘုရားသမိုင်းအပြင် ဘယ်ဘုရားဘယ်နေရာမှာ ဘယ်ရုပ်ရှင်ကားဘယ်ကြော်ငြာ လာရိုက်သွားတာ ဆိုပြီးပြောပြတတ်သေးတယ်...။ မှတ်မိသလောက် မြင်းလှည်းနံပါတ် ၅၉ တဲ့..။ 


မရောက်သေးတဲ့ဘုရားတွေဖြစ်တဲ့ ရှင်အဇ္စဂေါဏဘုရား၊ ဘုရားသုံးဆူ၊ တရုတ်ပြေးဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ဖြှူရှင်ဘုရားနဲ့ ပြသာဒ်ကြီးဘုရား တွေသွားဖူးဖြစ်တယ်...။ အဲဒီဘုရားတွေသွားတဲ့လမ်းက တော်တော်လေးသာယာတယ်... မြင်းလှည်းနဲ့ ဂေါက်ကွင်းသွားတဲ့လမ်းကလေးမှာ သိပ်ကိုလှတယ်..။ လမ်းလေးဝဲယာမှာ အပင်စိမ်းစိမ်းကလေးတွေ တစ်ပင်နဲ့တစ်ပင် ယှက်လို့... အဲဒီလမ်းလေးသိပ်သဘောကျတယ်...။ အရင်တစ်ခေါက်ရောက်တာ ညနေဘက် ....ခုတစ်ခေါက်ကတော့ မနက်ဘက်ပေါ့...။ အဲဒီကနေမှ နန်းမြင့်မျှော်စင်ဘက်ပတ်ပြီးတော့ ဆက်သွားရတယ်....နေလည်းသာနေတယ်....။

 ချစ်စရာလမ်းကလေး


ရှင်အဇ္စဂေါဏဘုရား

မြင်းလှည်နဲ့သွားရတာ ကားနဲ့သွားတာ မတူဘူး....ကားနဲ့ဆို ဘုရားတစ်ဆူနဲ့တစ်ဆူ ခဏလေးရောက်သွားရော..။ မြင်းလှည်းနဲ့မှ ဘုရားတစ်ဆူနဲ့တစ်ဆူ သွားရတဲ့အချိန်လေးတွေမှာ ပုဂံရဲ့အလှကိုငေးမောရတော့တယ်...။ ဘုရားတိုင်းမှာ အနီရောင်တောက်တောက်နဲ့အကောင်လေးတွေ တွေ့ရတယ်...ကျောပေါ်မှာလည်း ပန်းပွင့်လိုပုံစံမျိုးနဲ့.. တမာပိုးတွေလားမသိဘူး....။ မြင်းလှည်းဆရာကိုမေးကြည့်တော့ နတ်သမီးကွမ်းသွေးဆိုလား....။ 

 ဘုရားသုံးဆူ



 တရုတ်ပြေးဘုရားပေါ်

 နန်းမြင့်မျှော်စင်





တရုတ်ပြေးဘုရားကတော့ အပေါ်တက်လို့ရတော့ ပုဂံလွင်ပြင်တစ်ခုလုံးကို အပေါ်စီးကနေမြင်ရတယ်...အစွန်းဘက်လည်းကျတော့ ဘုရားတော်တော်များများကို မြင်ရတယ်..။လူအများကတော့ ညနေဘက်မှလာကြတယ်.... ပုဂံနေ၀င်ချိန်ကိုကြည့်ရှဓာတ်ပုံရိုက်ဖို့လေ......။ အရင်တစ်ခေါက်သွား ခဲ့တုန်းကညနေအချိန်... နွားကျောင်းသားနဲ့ နွားတစ်အုပ် ညနေခင်း အိပ်အပြန်ပေါ့ ...ဘုရားပေါ်ကနေမြင်ရတာ...သိပ်လှတယ်....။ 

နတ်သမီးကွမ်းသွေး

ပြသာဒ်ကြီး ဘုရားလည်းအပေါ်တက်လို့ရတယ်.... တရုတ်ပြေးဘုရားထက်အများကြီးကျယ်တယ်....။ အပေါ်ကနေ ဘုရားစုံမြင်ရတယ်......ရောက်တဲ့အချိန်ကသိပ်ပူနေပြီ.....အပေါ်မှာကြာကြာမနေတော့ဘဲ ပြန်ဆင်းခဲ့တယ်...။ ဘုရားကိုညဘက်မှာ လာကြတဲ့သူတွေများတယ်လို့ပြောတယ်....။
ပြသာဒ်ကြီးဘုရား


 ဓမ္မရံကြီးနဲ့ စူဠာမုဏိ

 ခပ်ဝေးဝေးမှာ ဓမ္မရာဇကဘုရား

တူရင်းတောင်ဘက်

 စူဠာမုဏိ

 သရပါ

ပြသာဒ်ကြီး ဘုရားကနေမှ စူဠာမုဏိဘုရားဘက်ကိုဖြတ်ပြီး...ပုဂံမြို့ဟောင်းဘက် ဆက်သွားခဲ့တယ်...။ နေသာနေပေမယ့် ရာသီဥတုကသိပ်အပူမကဲဘူး..... ။ သရပါတံခါးကို ဖြတ်ခဲ့ပြီးနောက် ကန်တော့ ပလ္လင်ဘုရားကို နောက်တစ်ခေါက် ထပ်ဖူးဖြစ်တယ်...ပြီးတော့ အမေနဲ့ အဒေါ်တွေက စောင်းတန်းကဆိုင်ကို ၀င်ကြည့်ချင်ကြသေးတယ်လေ...။ အဲဒီက ပြီးမှ နောက်ဆုံးအနေနဲ့ အနှစ်သက်ဆုံးဘုရားဖြစ်တဲ့ ရွှေဂူကြီးဘုရားကို ဖူးတယ်....။ ဒီဘုရားကိုရောက်ရင် ရင်ထဲမှာတစ်မျိုးဘဲ....လွမ်းသလိုလို...တစ်ခုခုကို သတိရမိသလိုလိုပဲ...။ ပုဂံကို အသက် ၂ နှစ်လောက်ကရောက်ပြီးတော့ ၂၀၀၈ မှ တစ်ခါရောက်ပြီး အခုမှ ပြန်ရောက်ဖြစ်တာ...။ ၉၂ လောက်ကဖြစ်မယ်ထင်တယ်... အဖေနဲ့အမေရယ်ပြီးတော့ ကျွန်တော်ပိစိကွေးရယ်....ရွှေဂူကြီးဘုရားပေါ် ကအပြင်ဘက်မှာ....ထောင့်ချိုးမှာ ရှိတဲ့အပေါက်လေးနားမှာ...ဓာတ်ပုံရိုက်ထားတယ်..။ အရင်တစ်ခေါက်ရောက်တုန်းက ညနေဘက်သိပ်အေးချမ်းတယ်... အပေါ်လည်းတက်လို့ရတယ်..ဘုရားကသိပ်အမြင့်ကြီးမဟုတ်ဘူး...။ ဒီတစ်ခေါက်တော့ တကယ်နေမွန်းတည့်ချိန်.... ဈေးသည်တွေကလည်း ဘုရားအတွင်းမှာ အရိပ်ခိုနေကြတော့ အေးအေးဆေးဆေးမဖူးရဘူး...ဆူညံနေလို့...။ အပေါ်တော့ခဏတက်မယ်ဆိုပြီးတော့ တက်တာ ဈေးသည်ထဲက ဗိုက်ကြီးသည်အမျိုးသမီးကလိုက်ပြောပြနေတယ်...။ သူ့ဟာသူ အလှည့်ကျထင်တယ်...ကျန်တဲ့လူတွေအတင်းမလိုက်လာဘူး...ပြီးမှ သူ့ဆိုင်မှာ အားပေးရမယ်ထင်တယ်..။ မလိုက်နဲ့လည်း ပြောလို့မရ...သူလှေကားချော်ကျမှာလည်း စိုးရသေးတယ်.... လှေကားသိပ်မတက်ရပေမယ့် အပေါ်ကျတော့ သူ့မှာမောနေပြီ ...နေကလည်းပူသေးတယ်လေ...။ ပုံအချို့ရိုက်ပြီး ပြန်ဆင်းမှ သနားတာနဲ့ သူ့ဆိုင်မှာ လက်ဆောင်ပစ္စည်းအချို့ဝယ်ခဲ့တယ်...။

 ထောင့်ချိုးကနေရာလေး


သဗညု

ရွှေစည်းခုံ

 နှစ်တစ်ရာ သနပ်ခါးပင်

 ကုန်းဘောင်ခေတ်ကတဲ့

မီးပုံးဆို သဘောကျလို့ရိုက်ခဲ့တယ်..

နေ့လည်စာအတွက်တော့ ရွှေမြန်မာ ၂ မှာဘဲသွားစားခဲ့တယ်....။ အရံဟင်းလေးနည်းနည်းပြောင်းပြီး ဟင်းရည်လဲပြောင်းတယ်..။ ပဲနှပ်၊ ကြက်ဟင်းခါးသီးချက်၊ ရုံးပတေသီးနဲ့ ချဉ်ပေါင်ဟင်းရည်....ကျန်တာတွေကအတူတူဘဲ..။ ညနေကျတော့ ဟိုတယ်နားက ရွှေပြည်နန်းပြခန်းဆိုလား..အဲဒါဝင်ကြည့်ပြီး ညနေစာစားတယ်..။ ပြီးမှ ရွှေစည်းခုံဘုရား တစ်ခေါက်ထပ်သွားဖူးပြီး...ဟိုတယ်ကိုပြန် အထုပ်တွေသိမ်းရတယ်... နက်ဖြန်နံနက်စောစော မန္တလေးဆက်သွားရမယ်မဟုတ်ပါလား....။

12 comments:

Anonymous said...

I wish I could be there. Thank you so much for sharing the pictures too.
Mon Petit Avatar

MeerKat said...

အောင်မငှီး ပုဂံကိုသွားချင်နေတာ တစ်ပိုင်းသေလို့ .ဓါတ်ပုံတွေ တွေ့လိုက်ရတာ ဘယ်လိုဖြစ်သွားမှန်းတောင်မသိတော့ဘူး. ရက်စက်လိုက်တာ

စူးနွယ်လေး said...

ပုဂံကိုရိုက်တဲ့ ရှုခင်းပုံလေးတွေက စူဠာမုဏိ နဲ့ သရပါ မှာ ပန်းချီကားချပ်လိုပဲ လှတယ်
ဟုတ်တယ် မင်းနန်သူဖက်မြင်းလှည်းနဲ့သွားရတာ သဘောကျတယ်။ နောက်တခေါက်မှ ပြသာဒ်ကြီး ဘုရား သွားရမယ်။

အော်...အစ်မဘလော့ဂ်ခဏလေးပိတ်ထားတယ်နော်

Anonymous said...

ပုဂံပုံတွေ မျှဝေပေးလို့ သဘောကျ ကျေးဇူးတင်မိပါတယ်။
ု့ပုပံကိုလည်း အရမ်းလွမ်းမိပါတယ်။
အိုင်အိုရာ

Iora said...

နတ်သမီးကွမ်းသွေးကို တခါမှ မကြားဘူး မမြင်ဘူး လို့ သိပ်စိတ်ဝင်စားသွားပြီး သူငယ်ချင်း ပိုးမွှားပါရဂူ ကိုပုံပြပြီး မေးကြည့်တော့ Velvet Mite လို့ ပြောပါတယ်။ မွှား (Tick) အနွယ်ဝင်လို့ သိရပါတယ်။ မြန်မာနံမည်လေး အရင်သိလိုက်ရလို့ ဝမ်းသာကျေးဇူးတင်ရပါတယ်။ အဲဒါနဲ့ 
http://en.wikipedia.org/wiki/Trombidiidae မှာရှာဖတ်ကြည့်မိပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ညီလင်းသစ် said...

ပုဂံပုံတွေ လွှတ်လှတယ် ညီရေ..၊ အထူးသဖြင့် မြင်းခေါင်းပါတဲ့ ပုံတွေမှာ ကြည့်သူက မြင်းလှည်းပေါ်မှာ ပါသလိုလိုနဲ့...၊း) ဟိုးအရင် တရုတ်ပြေးဘုရားမှာ ထိပ်ဆုံးက ကွမ်းတောင် ပြန်မဆောက်ခင်တုန်းက အပေါ်ဆုံးက flat ပဲ၊ အဲဒီမှာ ကျနော် Sunset ခဏခဏ သွားကြည့်ခဲ့တယ်၊ အခုတော့ တက်စရာနည်းသွားလို့ ပြဿဒ်ကြီးကို တခါတရံသွားတယ်၊ ပြီးခဲ့တဲ့ တခေါက်မှာ တော့ ရွှေပြည်နန်းပြခန်း ရောက်ခဲ့တယ်၊ ပုဂံနဲ့ မအပ်စပ်တဲ့ နန်းမြင့်မျှော်စင်ပါတဲ့ တစ်ပုံကလွဲလို့ ပုံတွေအားလုံး ကြိုက်တယ်....။

Phyo Evergreen said...

မMPA.. ကျွန်တော်လဲ အခုတောင်ပြန်သွားချင်နေတယ်..။

MK.. ပုဂံကိုတော့ မြန်မာတိုင်းချစ်ကြတယ်..။ လာလည်လို့ ကျေးဇူး..။

မစူး.. ကျွန်တော်လဲ အစ်မပြောတဲ့ပုံလေးတွေ ကြိုက်တယ်..။ ဖုန်းကင်မရာနဲ့ပဲ ရိုက်ထားတာ..မထင်ရဘဲ တော်တော်လေးပန်းချီဆန်တယ်..။ ကိုညီလင်းသစ်ဆီက ကင်မလာကြီးမငှားသွားလိုက်ရတာ နာထှာ..။ ;D ဘလော့ ပြန်ဖွင့်တာစောင့်နေမယ်နော..။

မအိုင်အိုရာ.. အစ်မက အကောင်လေးတွေစိတ်ဝင်စားတယ်ထင်တယ်... ငှက်တွေစိတ်ဝင်စားတယ်ဆိုတာတော့ သိတယ်..။ Wiki မှာဖတ်ကြည့်တော့မှ နွေအကုန်မိုးရာသီမှာ အဲဒီအကောင်တွေထွက်လာတတ်တယ်တဲ့..ဟုတ်လည်းဟုတ်တယ်.. ကျွန်တော်သွားတဲ့အချိန် ကလည်းမေလကုန် ဇွန်လဆန်းထဲမှာဘဲ..။ Velvet Mite ဆိုသလိုဘဲ ကျောကုန်းက တကယ့်ကတ္တီပါလိုမျိုးလေး...ကိုင်တော့မကိုင်ကြည့်ခဲ့ဘူး..။ ပြောပြပေးတာ ကျေးဇူး...။

ကိုညီလင်းသစ်.. မြင်းခေါင်းကတော့ ဘယ်လိုမှ လွတ်အောင်ရိုက်လို့မရဘူး..လက်ကတုန်နေလို့... အမှန်ကိုပြောရရင်တော့ လိုက်ပို့ပေးတဲ့ မြင်းလေးကို credit ပေးချင်လို့ သူ့ကိုပါထည့်ရိုက်ထားတာပါ.. =P ။ နန်းမြင့်မျှော်စင်ကတော့ ဘုရားပေါ်ကနေ ပတ်ပတ်လည်ဓာတ်ပုံရိုက်တော့ ဒေါင်လိုက်ကြီး ကန့်လန့်ကန့်လန့်ပါသွားတယ်... =(

Anonymous said...

ကိုင်ကြည့်ရင်ခြေထောက်လေးတွေ အထဲကိုင်ဝင်ပြီး အလုံးလေးဖြစ်သွားတယ်
အိမ်ကိုလွမ်းတယ် :(

မောင်မျိုး said...

လှလိုက်တာဗျာ သဲသောင်ပြင်ပေါ်က သစ်ပင်စိမ်းစိမ်းလေးတွေ ကြိုက်တယ် ။


ညီဖြိုးရေ တက.ယ် အားကျတယ.်

...အလင်းစက်များ said...

အတော်လေးစုံစုံလင်လင်ရိုက်တာပဲ.....။ ရောက်ဖူးချင်လိုက်တာ...။ ခုတော့ ပုံတွေပဲ ကြည့်.... :((((((((((

Anonymous said...

မန်းလေးကိုစောင့်နေပါတယ် မလေးမဟုတ်ပါ

Anonymous said...

ပုဂံသွားတဲ့ ခရီးသွားဝန်ဆောင်မှုလိုင်းကိုရှာချင်လို့။သိရင်မျှပေးပါဦးနော်။ဒို့လဲသွားချင်လို့။ဖုန်းနံပါတ်ဖြစ်ဖြစ်ပေါ့