Saturday, June 18, 2011

မြန်မာပြည်ခရီး - ၁ (ပုဂံ ညောင်ဦး)

မေလ ၂၅ ရက်နေ့က ၃နှစ်ကြာပြန်မရောက်တဲ့မြန်မာပြည်ပြန်သွားလိုက်တာ ဇွန်လ ၁၇ မှဒီကိုပြန်ရောက်တယ်..။ စင်္ကာပူပြန်ရောက်တာနဲ့ အိမ်လွမ်းတဲ့ဝေဒနာစတာဘဲ..ရင်ထဲမှာခံရခက်ကြီး..ရက်တောင်မကူးသေးဘူး။ ဒီတစ်ခေါက်ပြန်တော့ နေရာတော်တော်များများသွားလည်ဖြစ်တယ်..မတွေ့တာကြာတဲ့အမျိုးတွေလည်းလိုက်နှုတ်ဆက်ရင်းနဲ့ပေါ့..။ ပြန်ရောက်နေတဲ့အချိန် ရန်ကုန်မှာတောင်သိပ်မနေလိုက်ရဘူး...ခရီးသွားနေတာနဲ့ရက်တွေဘယ်လိုကုန်သွားမှန်းကို မသိလိုက်ရဘူး...။ ဒီတစ်ခေါက်ပြန်သွားတော့မှ မြန်မာပြည်ကိုဘယ်လောက်ချစ်သလဲဆိုတာကို ကိုယ်ကိုကိုယ်ခံစားသိရှိမိတော့တယ်..။

ပထမဦးဆုံး ပုဂံ ညောင်ဦး၊ ပြီး မန္တလေး၊စစ်ကိုင်း၊မုံရွာ၊ပြင်ဦးလွင် နောက်ဆုံးမှတောင်ကြီးပြန်တယ်...။ ၂၈ ရက်နေ့ ပုဂံညောင်ဦးကို ရထားနဲ့သွားတယ်... ညီမ၀မ်းကွဲက ရထားမစီးဖူးလို့ဆိုလို့...အားလုံးပေါင်း ၆ ယောက်..။ ရထားက မကောင်းဘူး...စီးတဲ့လူလည်းနည်းတယ်..ထိုင်ခုံတွေလည်းမကောင်းဘူး..သန့်ရှင်းမှုလည်းအားနည်းတယ်...။ ဆိုးတာက ရထားထွက်တဲ့အချိန် ၄ နာရီနီးပါးလောက် နောက်ကျတာရယ်... လမ်းမှာတအား ခုန်လည်းခုန် ရမ်းလည်းရမ်းတာကြောင့်ပဲ..။ ညနေထွက်မည့်ရထားက ညမှထွက်တော့ ပုဂံကိုနောက်တစ်နေ့ နေ့လည် ၂ နာရီမှရောက်တော့တယ်...။ လမ်းမှာတော့ ရှုခင်းတွေ သိပ်လှပါတယ်.... ပဲခင်းစိမ်းစိမ်းစိုစို ညီညီညာညာလေးတွေရယ်..ပြီးတော့ ကျောက်ပန်းတောင်းနားရောက်တော့ ပုပ္ပါးတောင်မကြီးကို မြင်လိုက်ရတာ ရင်ထဲအမောတွေပြေသွားတယ်..။ ပုပ္ပါးတောင်ကလပ်က တောင်မကြီးအောက်ခြေနားလေးမှာ သေးသေးလေး...။

လမ်းမှာခဏနားတဲ့ဘူတာ (အောင်လံမှာလို့ထင်တယ်)
ညီညီညာညာအပင်လေးတွေ


ရွှေလိုဝင်းတဲ့စပါးခင်းတွေ

ပုပ္ပါးတောင်မကြီးနဲ့တောင်ကလပ်


ရောက်ရောက်ချင်းနေ့တော့ အချိန်နည်းနည်းနောက်ကျတာရယ် ခရီးပန်းလာတာတွေရယ်ကြောင့်ဘယ်မှမလည်ဖြစ်ဘဲ ဟိုတယ်မှာဘဲနားခဲ့ကြတယ်...။ ရွှေစည်းခုံဘုရားခြေတော်ရင်းက အောင်မင်္ဂလာဆိုတဲ့ဟိုတယ်မှာတည်းတယ်...တည်းနေကြဟိုတယ်ဘဲ..။ သိပ်အကောင်းကြီးတော့မဟုတ်ဘူး...လေအေးပေးစက်၊တီဗီ၊ရေခဲသေတ္တာပါတယ်..ဒါလောက်ဆိုလုံလောက်ပြီးမဟုတ်လား..မီးပျက်ရင်တော့ မီးစက်မောင်းပေးတယ်..။ ကောင်းတာတစ်ခုက အနီးအနားမှာ စားသောက်ဆိုင်တွေရှိတာဘဲ...ညနေစာထွက်စားဖို့အဆင်ပြေတယ်..အဝေးပြေးကားဂိတ်ကလည်း ဟိုတယ်နဲ့ ၃ မိနစ်လောက်အကွာအဝေးမှာဘဲ..။ ညစာစားပြီးမှ ရွှေစည်းခုံဘုရားတက်ဖူးပြီးတော့မှ အခန်းပြန်ခဲ့တယ်....။

13 comments:

အပြုံးပန်း said...

အမောပြေရင် ဆက်ပါဦး

Mon Petit Avatar said...

yes, take a rest first and looking forward to read about the whole trip soon!!!

MeerKat said...

စာတွေလာဖတ်သွားပါတယ် ပထမဆုံးအကြိမ်.

Maung Myo said...

ညီ...ပျောက်နေပါတယ်မှတ်တာ မွေးရပ်မြေ ပြန်နေတာကိုးး ပျော်စရာကြီး အားကျတယ် ညီ ။ ဆက်ရန်လေးတွေရှိရင် ရေးပါအုံးးး .။

စူးနွယ်လေး said...

ဖြိုးပြန်လာပြီလား... အလွမ်းပြေ ဓါတ်ပုံလေးတွေ ကြည့်ရတော့မယ် :D

ညီလင်းသစ် said...

သြော်..ဒါ့ကြောင့် ပျောက်နေတာကိုး..၊း)

ပုဂံရထားလမ်းနဲ့ ပတ်သက်လို့ ပြောကြတာ တစ်ခုရှိတယ်၊ မမာတဲ့ မြေပေါ်မှာ သဲမြေကိုခင်းပြီး ရထားလမ်း ဆောက်ထားတာ-တဲ့၊ အောင်မင်္ဂလာဟိုတယ်ရဲ့ Reception မှာ ကျနော့်သူငယ်ချင်း တစ်ယောက် အလုပ်လုပ်တယ်၊ ရှိသေးလားတော့ မသိဘူး၊ ရှေ့ဆက်မယ့် အပိုင်းတွေ စောင့်နေမယ် ညီရေ...။

ဟန်ကြည် said...

ပုဂံကပြန်ရောက်တာ တစ်လကျော်ကျော်ပဲ ရှိသေးတယ်...အခုတောင် လွမ်းနေတုန်း...ဘယ်နှစ်ခါသွားသွားမရိုးတာ ပုဂံပေါ့...စကားမစပ်...ရထားလှုပ်တာ ခံနိုင်အောင် ...ရရထားကြီး ရမ်းပြီးစီး ဆိုတာ ခရီးမထွက်ခင် သုံးခေါက်ဆိုပြီးမှ ထွက်ရပါသဗျား...

Phyo Evergreen said...

အစ်မပြုံး
ခရီင်္းသွားတာတော့မမောဘူး..ပြန်ရောက်ပြီးမှအိမ်လွမ်းရလို့မောနေတယ်..။

MPA
ဟုတ်ကဲ့ ဖြည်းဖြည်းမှန်မှန်ရေးသွားမယ်..။

MerraKat
ကျေးဇူး...

ကိုမျိုး
ဟုတ်တယ်ကိုမျိုး..ကျွန်တော်ကတော့မွေးရပ်မှာဘဲပျော်တယ်..။

မစူး
့ပုံတွေတော့ လှလှမလှလှလျှောက်ရိုက်လို့အများကြီး..။ ကောင်းတယ်ထင်တာလေးအချို့ကိုဘဲ ရွေးပြီးတင်ရမယ်..။

ကိုညီလင်းသစ်
ဒါကြောင့်ပါ.. :)။ အစ်ကိုပြောတာမှန်တယ်....မိုးရွာရင် ခပ်ဖြည်းဖြည်းပဲမောင်းရတော့တယ်တဲ့..သွားတုန်းကတော့မိုးမရွာဘူး...မိုးသားတွေတော့ရှိနေတယ်..။ အောင်မင်္ဂလာတော့ သွားရလာရအဆင်ပြေတော့ သဘောကျတယ်.. သူ့ဟာနဲ့သူကောင်းပါတယ်..။ Reception မှာတော့ ဦးလေးအရွယ်လူကြီးတစ်ယောက်ရယ် အသက် ၃၀ ကျော်လူတစ်ယောက်ရယ်တွေ့ခဲ့တယ်..။

ကိုဟန်ကြည်
ကျွန်တော်လည်း လွမ်းနေပြီ... တချို့နေရာတွေမှာ ရမ်းချက်ကတော့ နောက်တွဲကိုကြည့်လိုက်ရင် ချိန်သီးရမ်းနေသလိုဘဲ..။

Tun Tun said...

ကျွန်တော် နောက်ဆုံးတစ်ခေါက်ပြန်တာ အောင်မင်္ဂလာမှာ တည်းတာပဲ။ ဈေးချိုတယ်။ ၀န်ထမ်းတွေ သဘောကောင်းပါတယ်။ ကားဂိတ်က အဆင်း မြင်းလှည်းသမားတွေ အတင်းလိုက်တာနဲ. တွေ.တဲ့ ဟိုတယ် ၀င်တည်းလိုက်တာ။ ၂ယောက်ခန်းကို ခုတင် တခုထပ် ထည့်တာ ၁ည ၁၈၀၀၀ ပေးခဲ့ရတယ်။း)

Tun Tun said...

မှားလို. ၂ ည မှ ၁၈၀၀၀ ကျပ်း)

Phyo Evergreen said...

ကိုထွန်းထွန်း ဘယ်တုန်းကသွားလည်တာလည်းတော့မသိဘူး.. ဈေးအတော်သက်သာသား..။ ကျွန်တော်တို့တော့ ၂ ယောက်ခန်းကို တစ်ည ၁၀၀၀၀ နဲ့ ၂၀၀၀၀ ကြားဘဲ.... ဘယ်လောက်လဲသေချာမသိလို့...။

Tun Tun said...

2010 သြဂတ် လသွားတာပါ။ ဈေးက ဆစ်လိုက်လို. အဲ့လောက် ဖြစ်သွားတာ။ ၃ယောက် စာ ၂ ည ကို ၂သောင်း တောင်းတယ် မှတ်တာပဲ ၁၈၀၀ နဲ.တည့်သွားတာ။ စက်ဘီးကို လဲ ဟိုတက်ကပဲ ငှားတယ် တရက် ၂၅၀၀ နဲ.။ မဆိုးပါဘူး။ ရယ်ရတယ် ပုဂံမြေပုံ ၁ရက်လောက်ငှားပါလား လို.ပြောတာ ဟိုတယ် က ၀န်ထမ်းတစ်ယောက် က မငှားဘူုး ၁၅၀၀ နဲ. ရောင်းမယ် တဲ့။ အမှန်က အဲ့တာ လက်ကမ်း မြေပုံပါ၊ အလကား ဝေတဲ့ဟာပါ။ ဒါနဲ. ဘယ်ရမလဲ ခဏကြည့်မယ်နော်လို. ပြောပြီး အဲ့စာရွက်ကို ကင်မရာ နဲ. ရိုက်လိုက်တယ်။ အစ်ကို ကျေးဇူးပဲ မ၀ယ်တော့ဘူး လို.ပြောခဲ့တယ်။ သူ.ကြည့်ရတာ ဘာလို. ဓါတ်ပုံရိုက်တယ်ဆိုတာ သဘောမပေါက်လောက်ဘူး။း) အဲ့ပုံလေးကို ကင်မရာ နဲ. ချဲ.လိုက် ချုံ.လိုက်နဲ. ပုဂံကို ပတ်ခဲ့တာ။ မြင်းလှည်းက ၁ရက် ၂သောင်းခွဲ၊ များတာနဲ. ၂ရက်လုံး စက်ဘီးနဲ.ပတ်တယ်။ တော်တော် တော့ ပင်ပန်းတယ်။ ဒါပေ့မယ် တော်တော်လေး နှံ. ခဲ့တယ်။

Phyo Evergreen said...

ဒါဆို ကိုထွန်းထွန်းသွားတာသိပ်မကြာသေးဘူးဘဲ...။ မြေပုံအကြောင်းကရယ်ရတယ်... ခုချက်ချင်း ၁၅၀၀ သွားပေးလိုက်ပါ...ကင်မလာခွန်အပါအ၀င် ပေါင်း ၂၀၀၀ ကျပ် =D ။ စက်ဘီးလေးနဲ့သွားချင်တာ အဖော်ညှိမရတာရယ် မသွားပါနဲ့ ဆိုတာရယ်ကြောင့်ပဲ...။ ကိုထွန်းထွန်း ခရီးတွေသွားနေတာကိုတော့ အားကျတယ်ဗျို့...။ ကောမန့်ပြန်တာ နောက်ကျလို့ ဆောရီး..။